Mandalay Capital

Invoice Financing

Invoice financing ချေးငွေမှာ ကာလတိုချေးငွေဖြစ်ပြီး ပစ္စည်းပေးသွင်းသူ (suppliers) သို့မဟုတ် contractors များက ၎င်းတို့အတည်ပြုထားသောငွေတောင်းခံလွှာများ (သို့မဟုတ်) စာချုပ်များအရ အထောက်အထားပြသ၍ ချေးငွေ လာရောက်လျှောက်ထားပါက ချေးငွေများ ကိုကာလတိုအဖြစ် ထုတ်ချေးလျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် ပစ္စည်းပေးသွင်းသူများ (သို့မဟုတ်) ဖြန့်ဖြူးသူများကို ငွေရေးကြေးရေးအရ အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။
ချေးငွေ ပမာဏ
invoice amount ၏ ၉၀ ရာခိုင်နှုန်း
ချေးငွေသက်တမ်း
ရက်ပေါင်း ၃၀ မှ ၁၈၀
အတိုးနှုန်း
အသေးစိတ်သိလိုမှုများရှိပါက md.office@mcapital.com.mm အီးမေးလ် သို့ဆက်သွယ်နိူင်ပါသည်။

လျောက်ထားဖို့ ဘာတွေလိုမှာလဲ?

ကုမ္ပဏီပရိုဖိုင်

ကိုယ်ရေးအချက်အလက်များ

အမေးများသည့် မေးခွန်းများ

ခွင့်ပြုချေးငွေ ပမာဏသည် အတည်ပြုစစ်ဆေးပြီးသည့် Contract များနှင့် Outstanding invoice များပေါ်တွင် မူတည်ပါသည်။
ချေးငွေသက်တမ်းသည် ရက် ၃၀ မှ ရက် ၁၈၀ ထိ ရှိနိုင်ပါသည်။ ချေးငွေသက်တမ်းတိုးခြင်း (Roll over)ကို Mandalay Capital Management ထံမှ ခွင့်ပြုချက်ဖြင့် ရက်ပေါင်း ၃၆၀ ထိတိုးနိုင်ပါသည်။
Credit History သက်တမ်း အနည်းဆုံး ၂ နှစ်ရှိရန်လိုအပ်ပါသည်။ အနည်းဆုံး ၂ နှစ် စာ Audited Financial Statement တင်ပြရန်နှင့် လုပ်ငန်းမှတ်တမ်းကောင်းများ (Industry track records) ရှိရန်လိုအပ်ပါသည်။
ချေးငွေလက်ကျန် ပမာဏ (Outstanding loan amount) ကို လစဥ် Email မှတဆင့် ပေးပို့ပေးပါမည်။
မိမိတို့ Mandalay Capital ၏ Due Diligence လုပ်ငန်းစဥ်အတိုင်း တင်ပြထားသည့် Invoice များကို ကွဲလွဲချက်များစိစစ်ခြင်း၊ ပြည့်စုံမှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်များ ပြုလုပ်ပါသည်။ ဥပမာအားဖြင့် Master contract များ၊ Agreement များ၊ Payment order များနှင့် Bank statement များ ကို စိစစ်ခြင်းမျိုးကို ဆိုလိုပါသည်။