Mandalay Capital

အငှားဝယ်ယူစနစ်

မန္တလေးကက်ပီတယ် ကုမ္ပဏီလီမိတက်၏ အငှားဝယ်ယူစနစ်ဖြင့် အသစ်သို့မဟုတ်အသုံးပြုထားသောကား၊ စီးပွားဖြစ်မော်တော်ယာဉ်၊ လက်ဝတ်ရတနာ၊ မော်တော်ဆိုင်ကယ်၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့်စက်ရုံသုံးစက်ယန္တရားများအပြင် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများကို အရစ်ကျစနစ် နှင့်ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးလျှက်ရှိပါသည်။
ကနဉီးပေးသွင်းငွေ
ထုတ်ကုန်ပစ္စည်း/စာချုပ် ပေါ်မူတည်၍ ၁၀ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်း အထိ
ချေးငွေသက်တမ်း
ထုတ်ကုန်ပစ္စည်း/စာချုပ် ပေါ်မူတည်၍ ၆လ မှ ၅နှစ် အထိ
ပြန်လည်ပေးဆပ်မှုပုံစံ
လစဉ်အရစ်ကျ အတိုးအရင်းပေးသွင်းမှု ပုံစံ
ချေးငွေအမျိုးအစား
အာမခံပစ္စည်းအဖြစ် အငှားဝယ်စနစ်ဖြင့် ဆောင်ရွက်မည့် ယာဉ်။ ယန္တရား၊ ပစ္စည်းများကို ထားရှိရန်။

လျောက်ထားဖို့ ဘာတွေလိုမှာလဲ?

ကုမ္ပဏီပရိုဖိုင်

ကိုယ်ရေးအချက်အလက်များ

အမေးများတဲ့ မေးခွန်းများ

ချေးငွေပေးဆပ်မှုနောက်ကျပါက (သို့မဟုတ်) ပေးရန်ပျက်ကွက်ပါက နောက်ကျပေးသွင်းသူ အဖြစ်သတ်မှတ်ပြီး နောက်ကျကြေး ကောက်ခံပါမယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံ Credit Bureau ထံသို့လည်း ညွှန်ကြားချက်နှင့်အညီ အမည်စာရင်းပေးပို့ခြင်းကိုခံရမည် ဖြစ်ပြီး နာမည်ကောင်း ပျောက်ဆုံးနိုင်ပါသည်။
ဟုတ်ကဲ့ စောပြီးဆပ်လို့ရပါတယ်။ ချေးငွေကို သတ်မှတ်ရက်ထက်စောပြီး ပြန်ဆပ်ရာတွင် မူလရေးဆွဲထားသည့် အတိုး နှင့် အရင်း ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်ဇယား (Repayment Schedule) အား အကျိုးသက်ရောက်မှု ရှိပါသဖြင့် ကျွန်ုပ်တို့ ကုမ္ပဏီဘက်မှ သင့်တင့်လျောက်ပတ်သော ဒဏ်ကြေးငွေကို ကောက်ခံမည်ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် မရပါ။ လုပ်ငန်း၏ အရေးပေါ်လိုအပ်ချက်နှင့် ပြည်တွင်းစီးပွားရေး ဈေးကွက် အခြေနေများပေါ်မူတည်၍ မန္တလေးကယ်ပီတယ် မှ ထည့်သွင်းစဉ်းစားပေးပါမယ်။
ကျွန်ုပ်တို့ ကုမ္ပဏီ၏ သက်ဆိုင်ရာ ဘဏ်စာရင်း သို့ လူကြီးမင်းကိုယ်တိုင် ဘဏ်သို့သွားရောက်ငွေသွင်း၍ သော်လည်းကောင်း၊ လူကြီးမင်း ၏ internet banking or mobile banking မှတစ်ဆင့် တိုက်ရိုက်ပေးခြင်းဖြင့်လည်း ပေးသွင်းနိုင်ပါတယ်။

လုပ်ငန်းရှင်များ၊ ကိုယ်ပိုင်လုပ်ငန်းရှိသော သူများ၊ ဝင်ငွေပုံမှန်ရရှိ၍ အမြတ်အစွန်းငွေပိုငွေလျှံရှိသူများ လျှောက်ထားနိုင်ပါတယ်။

အထူးသဖြင့် ကုန်သည်လုပ်ငန်းရှင်များ၊ ကိုယ်ပိုင်လုပ်ငန်းရှိသော သူများ၊ အခွန်ပုံမှန် ဆောင်ထားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ အစုစပ်များ၊ လီမိတက် ကုမ္ပဏီများ၊ အများပိုင် လီမိတက် ကုမ္ပဏီများ၊ အစိုးရ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော NGO များ၊ အကျိုးအမြတ်မကြည့်သော လူမှု့ရေး အဖွဲ့အစည်းများ လျှောက်ထားနိုင်ပါတယ်။

ယင်းသို့လျှောက်ထားရာတွင် မှတ်ပုံတင်၊ အလုပ်လုပ်ကြောင်း ထောက်ခံစာ၊ လိပ်စာ (နေထိုင်ကြောင်း ထောက်ခံစာ)၊ bank statements နှင့် စာရင်းစစ်အစီရင်ခံစာများ ပေးပို့ရမည့်အပြင် Credit Rating ကောင်းမွန်ရန်လည်းလိုအပ်ပါတယ်။