menu
close

Treasury Bonds

ငွေကြေးဆိုင်ရာငွေတိုက်စာချုပ် (“ Bonds”) များသည် စာချုပ်ပါပုံသေအတိုးနှုန်း (fixed coupon rate)၊ သက်တမ်းကာလတစ်ခု နှင့်အတူ မြန်မာကျပ်ငွေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ ထုတ်ပေးသည့် စာချုပ်များဖြစ်သည်။ အမြင်တန်ဖိုး (Face Value ) ကို စာချုပ်သက်တမ်းပြည့်သည့်အခါ ရရှိမည်ဖြစ်ပြီး စာချုပ်ပါပုံသေအတိုး (Coupon Interest) ကို တစ်နှစ် (၂) ကြိမ် (semi-annually) ရရှိမည်ဖြစ်သည်။

ငွေကြေးဆိုင်ရာငွေတိုက်လက်မှတ် (“Bills”) များသည် စာချုပ်ပါပုံသေအတိုးနှုန်း (fixed coupon rate) သတ်မှတ်ထားခြင်းမရှိပဲ သက်တမ်းကာလတစ်ခု နှင့်အတူ မြန်မာကျပ်ငွေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှ အမြင်တန်ဖိုး (Face Value ) ထက် တန်ဖိုးလျှော့ပြီး ရောင်းချပေးသော လက်မှတ်များဖြစ်သည်။  စာချုပ်သက်တမ်းပြည့်သည့်အခါ အမြင်တန်ဖိုး (Face Value ) ကို ရရှိမည်ဖြစ်သည်။