menu
close

Personal loan ကို ဘယ်လို အမြန်ရနိူင်မလဲ။

လူကြီးမင်း၏ ငွေကြေးအရှုပ်အရှင်း ကင်းရှင်းမှု အပေါ် မူတည်ပါတယ်။ လျှောက်လွှာနှင့်အတူ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ အလုပ်ခန့်အပ်ထားသည့် ထောက်ခံစာနှင့် လစာ၊ လိပ်စာ နှင့် ဘဏ်စာရင်းတို့တင်ပြပေးရမှာ ဖြစ်ပါတယ်။ ငွေကြေးအရှုပ်အရှင်း ကင်းရှင်းရမှာဖြစ်ပြီး မိဘ (သို့) မိမိချေးငွေအားပြန်လည်ပေးဆပ်မည်ဟု တာဝန်ခံမည့် ပုဂ္ဂိုလ်တို့၏ ထောက်ခံချက်များပါရှိရမှာ ဖြစ်ပါတယ်။ မန္တလေး ကယ်ပီတယ်အနေဖြင့် သတ်မှတ်ထားသည့် အချက်အလက်များ ပြည့်စုံပါက ခွင့်ပြုချက် ချမှတ်ပေးမှာ ဖြစ်ပြီး ခွင့်ပြုချက် ရရှိပြီးပါက (၁ ရက်မှ ၂ ရက်) အတွင်း ချေးငွေထုတ်ပေးမှာဖြစ်ပါတယ်။