menu
close

တစ်ဦးချင်းချေးငွေ

မန္တလေးကက်ပီတယ် ကုမ္ပဏီလီမိတက်သည် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ လိုအပ်သော ငွေကြေးများအတွက် (Term Loan, Mortgage Financing, Economy Financing / Installment Loan, Gold Financing, Agriculture Pledged Financing) စသည်တို့ကဲ့သို့ ချေးငွေများကို ပညာရေးဆိုင်ရာအတွက် လည်းကောင်း၊ အခြား ရည်ရွယ်ချက်များ အတွက်လည်းကောင်း ချေးယူနိုင်ပါသည်။

လူကြီးမင်းနှင့် လူကြီးမင်း၏ ကလေးအနာဂတ်အတွက် နာမည်ကြီးကျောင်းများမှ နိုင်ငံတကာအဆင့်မီ ဒီပလိုမာ၊ ဘွဲ့ နှင့် ဘွဲ့လွန်သင်တန်းများကို စိတ်ကြိုက်ရွေးချယ် တက်ရောက်နိုင်ရေးအတွက် လိုအပ်သော သင်တန်းကြေးအား တစ်လုံးတစ်ခဲတည်း ပေးစရာမလိုဘဲ လစဉ်အရစ်ကျ ပေးချေစနစ်ဖြင့် အဆင်ပြေ သက်သာစေရန် ရည်ရွယ်ဆောင်ရွက်ပေးလျက် ရှိပါသည်။

• အသေးစိတ်သိလိုမှုများရှိပါက support@mcapital.com.mm အီးမေးလ် သို့ဆက်သွယ်နိူင်ပါသည်။

လျောက်ထားဖို့ ဘာတွေလိုမှာလဲ?

အမေးများတဲ့ မေးခွန်းတွေ

ချေးငွေကို သတ်မှတ်ရက်ထက်စောပြီး ပြန်ပေးဆပ်လို့ရပါသလား။

+ x

ဟုတ်ကဲ့ ရပါတယ်။ သတ်မှတ်ရက်ထက်စောပြီး ပြန်ပေးဆပ်ခြင်းအတွက် ဒဏ်ကြေးငွေ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

ဘယ်သူတွေက အာမခံပေးလို့ရပါသလဲ။

+ x

ဝင်ငွေကောင်းသော မိဘအုပ်ထိန်းသူ (သို့မဟုတ်) လက်ရှိအလုပ်ရှင် (သို့မဟုတ်) လူကြီးမင်း နှင့် အချိန်အတိုင်းအတာတစ်ခုအထိ ခင်မင်ရင်းနှီးမှုရှိပြီးထားသူဖြစ်ပြီး လစဉ်ပေးဆပ်ရမည့်ငွေကို လူကြီးမင်း မပေးဆပ်နိုင်ပါက လူကြီးမင်းကိုယ်စားပေးဆပ်နိုင်သူ တစ်ဦးဦး ဖြစ်ရပါမယ်။ အာမခံပေးသူသည် မန္တလေး ကယ်ပီတယ်တွင် သင့်အပြင် အခြားချေးငွေရယူထားသူတစ်ဦးဦးအား အာမခံပေးထားသူမဖြစ်ရပါ။

လက်ရှိချေးငွေကိုမပေးဆပ်ခင် ဒုတိယချေးငွေလျှောက်ထားလို့ရနိုင်မလား။

+ x

အကယ်၍ လူကြီးမင်းသည် ပထမချေးငွေပေးဆပ်ရန်ကျန်ရှိပါက လူကြီးမင်း၏ Credit Rating ပေါ်မူတည်၍ ဒုတိယချေးငွေလျှောက်ထားနိုင်ပါတယ်။

Personal loan ကို ဘယ်လို အမြန်ရနိူင်မလဲ။

+ x

လူကြီးမင်း၏ ငွေကြေးအရှုပ်အရှင်း ကင်းရှင်းမှု အပေါ် မူတည်ပါတယ်။ လျှောက်လွှာနှင့်အတူ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ အလုပ်ခန့်အပ်ထားသည့် ထောက်ခံစာနှင့် လစာ၊ လိပ်စာ နှင့် ဘဏ်စာရင်းတို့တင်ပြပေးရမှာ ဖြစ်ပါတယ်။ ငွေကြေးအရှုပ်အရှင်း ကင်းရှင်းရမှာဖြစ်ပြီး မိဘ (သို့) မိမိချေးငွေအားပြန်လည်ပေးဆပ်မည်ဟု တာဝန်ခံမည့် ပုဂ္ဂိုလ်တို့၏ ထောက်ခံချက်များပါရှိရမှာ ဖြစ်ပါတယ်။ မန္တလေး ကယ်ပီတယ်အနေဖြင့် သတ်မှတ်ထားသည့် အချက်အလက်များ ပြည့်စုံပါက ခွင့်ပြုချက် ချမှတ်ပေးမှာ ဖြစ်ပြီး ခွင့်ပြုချက် ရရှိပြီးပါက (၁ ရက်မှ ၂ ရက်) အတွင်း ချေးငွေထုတ်ပေးမှာဖြစ်ပါတယ်။