
ကုန်သွယ်မှုဆိုင်ရာချေးငွေ
မန္တလေးကက်ပီတယ်ကုမ္ပဏီလီမိတက်သည် ကုန်သွယ်မှု လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ချေးငွေများချေးပေးလျက် ရှိပါသည်။
ယင်းအပြင် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်များ တိုးတက်အောင်မြင်စေရန်အတွက်လည်း လိုအပ်သောချေးငွေများ လွယ်ကူမြန်ဆန်စွာရရှိစေရန် ဆောင်ရွက်ပေးလျက် ရှိပါသည်။
ချေးငွေ ပမာဏ
အများဆုံး သန်း ၅၀၀ အထိ
ချေးငွေသက်တမ်း
၁ နှစ်
ပြန်လည်ပေးဆပ်မှုပုံစံ
လစဉ် သို့ သုံးလတစ်ကြိမ် အတိုးပေးသွင်းမှု နှင့် အရင်းကို ချေးငွေသက်တမ်းပြည့်သည့် အခါ ပြန်လည်ပေးဆပ်ရန်
ချေးငွေအမျိုးအစား
အာမခံပစ္စည်းလက်ခံပြီး ထုတ်ချေးငွေ သို့ အာမခံပစ္စည်းမပါပဲ ထုတ်ချေးငွေ
လျောက်ထားဖို့ ဘာတွေလိုမှာလဲ?
ကုမ္ပဏီပရိုဖိုင်
- (၁) လုပ်ငန်းလိုင်စင်
- (၂) Company Extract
- (၃) ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း
- (၄) ကုမ္ပဏီဘဏ္ဍာရေးရှင်းတမ်း (၂နှစ်စာ)
- (၅) အခွန်ပြေစာ (၂နှစ်စာ)
- (၆) အရှုံး အမြတ်စာရင်း
- (၇) ချေးငွေလျှောက်ထားခြင်းရည်ရွယ်ချက်
ကိုယ်ရေးအချက်အလက်
- (၁) ချေးငွေလျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ
- (၂) အိမ်ထောင်စုစာရင်း မိတ္တူ
- (၃) လိုင်စင်ဓာတ်ပုံ (၂) ပုံ
- (၄) ရပ်ကွက်ထောက်ခံစာ (မူရင်း)
အမေးများတဲ့ မေးခွန်းတွေ
လုပ်ငန်းအခုမှ စတင်လုပ်ကိုင်မည့် Start Up ကုမ္ပဏီများ ချေးငွေလျှောက်ထားလို့ရ ပါသလား။
+ x- ယေဘုယျအားဖြင့် မရပါ။ လုပ်ငန်းလည်ပတ်ချိန် အနည်းဆုံး (၂)နှစ် ရှိမှသာ ချေးငွေ လျှောက်ထားနိုင်ပါတယ်။ လုပ်ငန်း၏ အရေးပေါ်လိုအပ်ချက်နှင့် ပြည်တွင်း စီးပွားရေး ဈေးကွက် အခြေနေများပေါ်မူတည်၍ မန္တလေးကယ်ပီတယ် မှ ထည့်သွင်း စဉ်းစားပေးပါမယ်။
စီးပွားရေးလုပ်ငန်းလုပ်ဆောင်တဲ့ သက်တမ်း ၂ နှစ်ရှိပေမဲ့ အခွန်ဆောင်တာ တစ်နှစ်ပဲ ရှိသေးလျှင် ( တစ်ချို့ လုံးဝမဆောင်ရသေးလျှင်) ချေးငွေ လျှောက်လို့ရပါသလား။
+ x- လုပ်သက် (၂) နှစ်ရှိပြီး အခွန်တစ်နှစ်ဆောင်ထားရင်လည်း ချေးငွေ လျှောက်လို့ ရပါတယ်။ အခွန်လုံးဝ မပေးဆောင်ရသေးပေမယ့် ကြိုတင်အခွန်ဆောင်ပြီးပါကလည်း လျှောက်ထားနိုင်ပါတယ်။
လုပ်ငန်းလုပ်နေတာ ကြာပါပြီ။ ဒါပေမဲ့ တရားဝင်လိုင်စင်ရထားတာ တစ်နှစ်ပဲရှိသေးတဲ့အတွက် ချေးငွေ လျှောက်ထားခွင့် ရှိ/မရှိ သိပါရစေ။
+ x- လျှောက်ခွင့် ရှိပါတယ်။ လုပ်ငန်းလိုင်စင်သက်တမ်း တစ်နှစ်ပဲ ရှိပေမဲ့ လွန်ခဲ့သော ၃ နှစ်ကဆောင်ရွက်ခဲ့သည့် ဘဏ္ဍာရေးရှင်းတမ်း (သို့မဟုတ်) အထောက်အထားစာရွက်စာတမ်းများနှင့် လုံလောက်သော အလုပ်လုပ်သည့်သက်တမ်းများရှိရမည်ဖြစ်ပါတယ်။
အာမခံပစ္စည်း၏ ဘယ်လောက် ရာခိုင်နှုန်း ချေးငွေရနိုင်မလဲ။
+ x- ရရှိနိုင်မည့် ချေးငွေရာခိုင်နှုန်းမှာ အာမခံပစ္စည်း နှင့် စီးပွားရေးအမျိုးအစားပေါ်မူတည်၍ ယေဘုယျအားဖြင့် ၆၀% ဖြစ်ပါတယ်။
အာမခံပစ္စည်း အဖြစ် မည်သည်တို့ကို မန္တလေး ကယ်ပီတယ်မှ လက်ခံသလဲ။
+ x- မြေနှင့်အဆောက်အဦးများ
- ရွှေနှင့် အခြားကျောက်မျက်ရတနာများ
- အပ်ကုန်ပစ္စည်းများ (စိုက်ပျိုးရေးထုတ်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ကိရိယာများနှင့်စက်ပစ္စည်းများစသည်တို့)
- အစိုးရစာချုပ်များ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းဆိုင်ရာ သဘောတူညီချက် စာချုပ်များ
- အခြား ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ (ကား၊ မော်တော်ဆိုင်ကယ်၊ လှေ စသည်တို့)
အာမခံပစ္စည်းမပေးနိူင်ပါက ချေးငွေ လျှောက်ထားလို့ရပါသလား။
+ x- ဟုတ်ကဲ့ လျှောက်ထားနိုင်ပါတယ်။ ဒါပေမယ့် အာမခံပစ္စည်းမပေးနိုင်သည့်အတွက် Risk Premium ကြေး ပေးသွင်းရမည့်အပြင် အာမခံပေး၍လျှောက်ထားသောချေးငွေများကဲ့သို့ လူကြီးမင်း၏ business plan နှင့် cash flow statement များ တင်ပြရန် လိုအပ်ပါတယ်။
ချေးငွေအတွက် အတိုးနှုန်း ဘယ်လောက်လဲ။
+ xချေးငွေအမျိုးအစားပေါ်မူတည်ပြီး အတိုးနှုန်း သတ်မှတ်ချက် ပြောင်းလဲမှုများရှိနိူင်ပါသဖြင့် support@mcapital.com.mm သို့ဆက်သွယ် စုံစမ်းနိူင်ပါတယ်။
ချေးငွေသက်တမ်းကာလ ဘယ်လောက်လဲ။
+ x- ချေးငွေအမျိုးအစားပေါ်မူတည်ပြီး ၁နှစ် မှ ၃နှစ်ထိ သတ်မှတ်ထားပါတယ်။
ချေးငွေကိုဘယ်လိုလျှောက်ထားနိုင်ပါသလဲ။
+ x- ချေးငွေအမျိုးအစား တစ်ခုချင်းအလိုက် လိုအပ်တဲ့ အချက်အလက်များကို Mandalay Capital website တွင် ဝင်ရောက်လေ့လာပြီး support@mcapital.com.mm သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိူင်ပါတယ်။